လူသား( Human ) နှင့် အရောင်(color) ဆိုသည်မှာ မွေးစမှ သေဆုံးသည့်ချိန်ထိ ခွဲခြားမရသော အပေါင်းအဖော်များဖြစ်သည်။ မွေးစ “အူဝဲ” ဆိုသည်နှင့် သင့်အသားရောင်ကိုကြည့်ပြီး သူနာပြုတို့  သင့်ကျန်းမာရေးကို မှတ်ချက်ချကြသည်။ သင့်မိခင်သီဆိုသော သားချော့တေးက ” လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး။ ခိုဖြူခိုပြာ နက်ကယ် ဖမ်းခက်လှသေး”ဖြစ်သည် ။ သင့်ကိုပတ်ထားသော အနှီး၏ အရောင် အဖြူရောင်ဖြစ်နေသည်ကပင် တိုက်ဆိုင်မှူတစ်ခု‌တော့မဟုတ်‌ချေ။ အသက်ရှင်သန်ခြင်းနှင့် အရောင်တို့သည် အထူးပင်ဆက်စပ်နေသည်ဟု သိပ္ပံပညာရှင်တို့ အသိအမှတ်ပြုကြသည်။ လူသားတို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကဲ့သို့  အ‌ရောင်စုံလင်သော ဂြိုလ်ကို စကြာဝဌါထဲတွင် မတွေ့ရှိသေးချေ။ သစ်တောသစ်ပင်တို့၏ အစိမ်းရောင်၊ ပင်လယ်သမုဒ္ဒရာတို့၏ အပြာရောင်တို့က အသက်ရှိနေသော ကမ္ဘာဟု အသိအမှတ်ပြုထားသကဲ့ပင်။ ဆွစ်ဇ် လူမျိုး expressionist ပန်းချီဆရာ Johannes […]

Read More