Jazz Age Fashion

Good evening everyone!


ဒီနေ့မှာတော့ Jazz Age ရဲ့ Fashion Characteristics တွေအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Jazz Age ဆိုတာနဲ့ အားလုံး ပြေးမြင်ကြမှာကတော့ Flapper တွေပါပဲ။ Yes, of course, in Hollywood, they’re called “IT GIRL.”

1920s Jazz Age မှာ Coco Chanel, Poiret, Mariano Fortuny, Jean Patou စတဲ့ နာမည်ကြီး Fashion Designer တွေ က silhouette တွေပြောင်းပြီး revolution တွေလုပ်ခဲ့ကြပါတယ်။ Flapper တွေရဲ့ Characteristics တွေ မှာသဘောအကျဆုံးက တော့ အမျိုးသမီးတွေ ဟာ Edwardian Era ရဲ့ Corset တွေကနေလွတ်မြောက်သွားတယ်ဆိုတာပါပဲ။ ဒါဟာ အမျိုးသမီးတွေဟာ ၁၉၂၀ ပထမကမ္ဘာစစ်ပြီးခေတ်ရောက်မှ သာလျှင် သူတိုရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချိုကို ဖော်ပြခွင့်ရတဲ့ Roaring 20s လိုခေါ်တဲ့ ပထမဆုံး အချိန်ပဲဖြစ်ပါတယ်။ “Freedom of Movement”

Flapper Dress ဟာ သူတိုရဲ့ Dynamic Lifestyle ကိုဖော်ပြတဲ့ အပြင် Straight & Loose ဖြစ်ပြီးတော့ Waist Line ကသာမန်ထက် အောက်ပိုကျပါတယ်။ လတ်ပြတ် Design ဖြစ်ပြီးတော့ airy and light ဖြစ်တဲ့ ပိတ်စတွေကို အသုံးပြုခဲ့တာပါ။ အမျိုးသမီးတွေရဲ့ Style & Identity ကိုဖော်ညွှန်းတဲ့ သိပ်လှတဲ့ Design တွေကို ထပ်ပြီး တန်ဆာဆင်ထားတာ ကတော့ ငှက်အမွှေးအတောင်တွေ ၊ စီးကွမ့်စ်တွေ ၊ ပတီးလုံးတွေစတဲ့ shiny ဖြစ်တဲ့ Materials တွေပဲဖြစ်ပါတယ်။

Flapper တွေရဲ့ Bold Make Up Look နဲ့ Bob Hair Style ကလည်း အဲ့ဒီခေတ်ရဲ့ Signature Look ပါပဲ။ ခေါင်းမှာ ငှက်အမွှေးအတောင်တွေနဲ့အလှဆင်ပြီးတော့ Fur Scarf တွေ နဲ့ တစ်ကြိုးထက်မကတဲ့ ပုလဲပတီးတွေဆွဲကြတာဟာလည်း သူတိုခေတ်ရဲ့ Glamorous Vibe ကို သူတိုနည်းသူတိုဟန်နဲ့ ဖော်ကျူးခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။ Silk ဒါမှမဟုတ် Rayon နဲ့ လုပ်ထားတဲ့ Stocking တွေကိုဝတ်လေ့ရှိပြီးတော့ သူတို ရဲ့ ဒူး မှာ Blush တွေ ရံဖန်ရံခါ လိမ်းခြယ်လေ့ရှိကြပါတယ်။ ဖိနပ်အနေနဲ့ ဆိုရင်တော့ ၃” ခန့်ရှိတဲ့ High Heel တွေစီးလေ့ရှိပါတယ်။


Jazz Age ရဲ့ Fashion Icon ကိုပြောပါဆိုရင်တော့ Zelda Fitzgerald ၊ Clara Bow နဲ့ Louise Brooks တိုအပြင်  Greta Garbo တိုလို တခြားသူတွေလည်းရှိသေးတာမို Link လေး မှာဝင်ဖတ်ကြည့်နိုင်ပါတယ်။

Jazz Age ရဲ့ Flapper Fashion တွေကို The Great Gatsby ဆိုတဲ့ ဇာတ်ကားတွေ ထဲမှာလည်း တွေ့နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *