ARIEL THI နဲ့ အမေး ကဏ္ဍအပိုင်း | 5 minute Blogs

FASHION and STYLE sustain platform ပေါ်ကို ရောက်ဖို့ ဘာလို့ လိုအပ်တာလဲ ၊ ဘာတွေလုပ်သင့်ပါသလဲ။

Fashion Industry မှာ sustainable ဖြစ်တဲ့ careers တွေ ဖန်တီးဖို့ လိုပါတယ်။

Sustain ဆိုတာကို ပြောပြရရင် ထိန်းထားတာ၊ အကျိုးပြုတာ တွေကို ဆိုလိုတဲ့ စကားလုံးလေးပါ။

Sustainable ဆိုတာက တကယ်တော့ စကားလုံးသက်သက် အလှထည့်တာမဟုတ်ပါဘူး။
မိမိ ပတ်ဝန်းကျင်က စပြီးတော့ ကမ္ဘာလုံးဆိုင်တာ လှုပ်ရှားမှုတွေမှာ အများကြီး အကျိုးသက်ရောက်ပါတယ်။
Sustain ဆိုတာ လွယ်လွယ် သိကြတဲ့တိုင်းဆို သဘာဝပစ္စည်းတွေ နဲ့ ပြုလုပ်ထားသော အရာတွေကို sustainable ဖြစ်တယ်ဆိုပြီး သိကြမှာပါ။

Sustainable fashion ဆို လူကို ဆိုးကျိုးဖြစ်စေမှု လျော့နည်းထားသော အဝတ်အစားလို့ အလွယ်သိလို့ရပါတယ်။
အလွယ်သိလို့ရတာ ဆိုပင်မဲ့ ပြုလုပ်ဖို့ က ခေတ်စနစ်ကျဖို့ရယ် ၊ နည်းစနစ်မှန်ဖို့တွေအတွက် လိုပါတယ်။
၂၀ ရာစု ခေတ်က သုံးခဲ့တဲ့ နည်းစနစ်တွေကိုပြန်သုံးမယ်ထား ၂၁ ရာစုမှာတော့ ပိုကောင်းတဲ့ နည်းစနစ်ကို ဖန်တီးနိုင်ရမှာပါ။
ဆိုလိုတာက အဝတ်အထည်၊ ပိတ်စတွေကို ဆေးဆိုးပန်းရိုက် ပြုလုပ်တာတွေ ၊ ရက်ကန်း ပြုလုပ်တာတွေကို ထိန်းသိမ်းဖို့တွေက စ ပိတ်စကို ချုပ်လုပ်ပြီး brand ပြုလုပ်တာထိ နည်းမှန်လမ်းမှန် စနစ်ကျဖို့ လိုပါတယ်။
ပိတ်စကို ဝယ်လိုက်တယ် ချုပ်လိုက်တယ် မဖြစ်သင့်တော့ပါဘူး။
ရက်ကန်းထည် ကို အရောင်ဆိုးတယ် ၊ ပန်းရိုက်တယ် ရေ gallon ဘယ်လောက် ကုန်ကုန် ဂရုမစိုက်တာတွေ မဖြစ်သင့်တော့ပါဘူး။

အမြင်ကျယ်ကျယ် ထားပြီး ခေတ်စနစ်ကို ပြောင်းလဲသင့်ပါတယ် ။ ပြောင်းလဲတယ်ဆိုတာ အခုချက်ချင်းထလုပ်လို့ ဖြစ်တဲ့အရာမဟုတ်ပါဘူး။

မိမိက စပြီးတော့ အဝတ်အထည်ကို sustainable ဖြစ်တဲ့ နည်းစနစ်ကို သုံးပြီး ထုတ်ဖို့ သင်ယူသင့်တယ်။
Fashion Industry မှာ လုပ်ကိုင်နေကြတဲ့ fashion designer / personal stylist/ textiles designer စတဲ့ titles တွေ ကို ရင်းနှီးကြမယ် ထင်ပါတယ်။ ဒါပင်မဲ့ အခုလို လွယ်လွယ် titles တက်လိုက်တာနဲ့ work မဖြစ်ပါဘူး။ တကယ် သိရမဲ့ အလုပ်ကိုင် field ထဲ က အတွေ့ကြုံရယ် ၊ နည်းပညာပိုင်း ၊ အတွေးခေါ်ပိုင်းပါ balance ကျဖို့ လိုပါတယ်။

လွယ်လွယ်ရတာ မှန်သမျှ အကျိုးဖြစ်တာ ရှားပါတယ်။ ပညာရှင် အဆင့် အတွက်လဲ အရင်းနှီးကြီးပါတယ်။ မြန်မာပြည်မှာ နေလို့ ပညာအဆင့် နိမ့်ပြီ အလုပ်လုပ်စရာလို့ မမြင်စေချင်ပါဘူး။ ပညာရှင်ဆိုတာ လူ ၁၀၀ မှာ ၃၀ နှုန်းကျ ရှိရင်ကို ပညာစနစ် အောက်မကျပါဘူး။ ကိုယ်တိုင် က ပညာရှင် စနစ်ကို ပြောင်းလဲ ယူနိုင်မဲ့ သူအနေနဲ့ ကြိုးစားယူတဲ့သူ အဖြစ် စပြောင်းလဲ သင့်ပါတယ်။

THE TRUE COST | documentary လေးကို အချိန်ပေး ကြည့်စေချင်ပါတယ် ။ ဒီအကြောင်းလေးကို တကယ်တော့ fashion students တော်တော်များများ ကြည့်သင့်တဲ့ doc လေးပါ။ students မှမဟုတ်ပါဘူး ၊ fashion industry | Fast Fashion ထဲမှာ လုပ်ကိုင်နေကြတဲ့ သူတွေပါ သိသင့်တဲ့ အကြောင်းရာပါ။

နောက် Sustainable style ဆိုတာကတော့ personal stylist အပါဝင် မိမိ ကိုယ်တိုင်က စ သိဖို့၊ နားလည် လို့ရတဲ့အရာတွေပါ။ wardrobe outfits တွေကို ပြောင်းလဲတဲ့နေရာမှာ စနစ်ကျရင် အဝတ်အထည်ဆိုတာ အစုံရေနည်းနည်းနဲ့ လှလှလေး ဝတ်လို့ရပါတယ်။

အဝတ်အထည် ဖေါင်းပွပြီ ဝယ်တာတွေထက် trendy ဖြစ်တာနဲ့ style ကျတာတွေကို balances ကျကျ ချပြီ လုပ်မယ်ဆို ဒါဟာ sustain လုပ်တာပါဘဲ။
ကယ် အခုလောက်ဆို sustainable ဆိုတဲ့ အကြောင်း မိတ်ဆက်လေးကို မိတ်ဆက်ပြီးတော့ စပြီး sustain လုပ်ဖို့ တိုက်တွန်းအပ်ပါတယ်နော်။

စာရေးသူ – ARIEL THI

Leave a Reply

Your email address will not be published.